top of page

STRONGHOLD သံချောင်းစိုက်ကော် SH-EP1

Hai Thi

Thread Rod, Rebar တို့အား ကွန်ကရစ်နှင့် တွဲဆက်စေရန်အတွက် chemical anchor ဖြစ်သော Stronghold SH EP 1 Chemical Anchoring ကို အသုံးပြုနိုင်သည်။


🔴 Chemical Anchor (သံချောင်းစိုက်ကော်) အသုံးပြုရသည့် ရည်ရွယ်ချက်မှာ အသစ်ထပ်ထုတ်သော member တို့အတွက် စိုက်လိုက်သော rebar, anchor bolt တို့အား အောက်ခံ ကွန်ကရစ်နှင့် တွဲဆက်သွားစေပြီး သက်ရောက်သော tensile နှင့် shear ဒဏ်အားခံနိုင်စေရန် အတွက်ဖြစ်ပါသည်။


1️⃣ လက်ရှိ သွန်းလောင်းပြီး ကွန်ကရစ်ပေါ်တွင် ထပ်မံတိုးချဲ့ရန်အတွက် လိုအပ်သော Member များထပ်၍ ထည့်ခြင်း (ဥပမာအားဖြင့် ကွန်ကရစ် နှင့် steel တိုင်များထပ်တိုး ခြင်း)၊

2️⃣ ကွန်ကရစ် (သို့) steel beam များထပ်ထုတ်လိုခြင်း၊

3️⃣ ကွန်ကရစ် slab အားထပ်တိုးလောင်းရန် လိုအပ်ခြင်း စသည့် အနေအထားများ တွင် Thread Rod, Rebar တို့အား မူလကွန်ကရစ် မျက်နှာပြင်နှင့်တွဲဆက်ရာတွင် SH-EP1 ကိုအသုံးပြုကြသည်။


⭕️ Stronghold SH-EP1 မှာ 2 component ပါသော Pure Epoxy ကော်ဖြစ်ပြီး 🌡 ကွန်ကရစ်အပူချိန် 30’C နှင့် 35 ‘C ကြားတွင် အသုံးပြုပါက 🕕ဆေးရည်ခဲချိန် (gel time) မှာ ၆ မိနစ် ဖြစ်ပြီး ဆေးခြောက်ချိန် (curing time) မှာ 🕔 ၅ နာရီ ဖြစ်ပါသည်။





121 views0 comments

Comments


bottom of page