top of page

Easy Rebar Anchoring with STRONGHOLD SH-EP1

Hai Thi

Updated: Feb 21, 2023





🔴 STRONGHOLD သံချောင်းစိုက်ကော် SH-EP1 အသုံးပြုပုံ (Video)

Structural Member များအတွက် Thread Rod နှင့် Rebar တို့အားစိုက်ရာတွင် ကွန်ကရိ နှင့် တွဲဆက်စေရန်အတွက် chemical anchor ဖြစ်သော Stronghold SH-EP1 ကို အသုံးပြုနိုင်သည်။



⭕️ Stronghold SH-EP1 မှာ 2 component ပါသော Pure Epoxy ကော်ဖြစ်ပြီး 🌡 ကွန်ကရစ်အပူချိန် 30’C နှင့် 35‘C ကြားတွင် အသုံးပြုပါက 🕕ဆေးရည်ခဲချိန် (gel time) မှာ ၆ မိနစ် ဖြစ်ပြီး ဆေးခြောက်ချိန် (curing time) မှာ 🕔 ၅ နာရီ ဖြစ်ပါသည်။





HOW TO USE STRONGHOLD SH-EP1

1️⃣ Stronghold SH-EP1 အား Dispenser တွင် တပ်ဆင်၍ ထိပ်တွင် nozzle တပ်ပါ။

2️⃣ Nozzle မှတစ်ဆင့် SH-EP1 ၏ Resin နှင့် Hardener နှစ်ခု ရောစပ်၍ ထွက်လာသည်အထိ ညှစ်ထုတ်ပေးပြီး စွန့်ပစ်ပေးပါ။

3️⃣ Nozzle မှ Resin နှင့် Hardener နှစ်မျိုးလုံး တစ်သားတည်းရောစပ် ၍ ထွက်လာပါက drill hole ၏ အခြေမှစ၍ သုံးပုံပုံ နှစ်ပုံ ခန့်ရောက်သည်အထိ (လေခိုခြင်းများမရှိရအောင် ) ဆေးဖြည့်ပေးပါ။

4️⃣ ထို့နောက် Drill hole အတွင်း rebar (or) thread rod အားလှည့်၍ တပ်ဆင်ပေးပါ။


🔴 Chemical Anchor၊ သံချောင်း နှင့် ကွန်ကရိ တွဲဆက်မှု (Bonding) အပြည့်အဝဖြစ်စေရန် သန့်ရှင်းရေးပြုလုပ်ခြင်းသည် အ‌ရေးအကြီးဆုံးဖြစ်ပါသည်။

See Surface Preparation Video here


Detailed Technical Specifications များ၊ Datasheet များ နှင့် Project reference များအတွက်ဆက်သွယ်နိုင်ပါသည်။

230 views0 comments

コメント


bottom of page