top of page

Positive side Vs. Negative side waterproofing




Waterproofing လုပ်ဆောင်ရာတွင် အဓိကအားဖြင့် နည်းလမ်း (၂)မျိုးရှိပါသည် - (1) Positive side waterproofing နှင့် (2) Negative Side Waterproofing တို့ဖြစ်ပါသည်။


Positive Side Waterproofing ဆိုသည်မှာ ရေနှင့် တိုက်ရိုက်ထိတွေမှုရှိသည့်နေရာ (ဥပမာ - အဆောက်အဦ၏ အပြင်ဘက်မျက်နှာပြင်နံရံများ၊ မြေအောက်ခန်း၏ မြေကြီးနှင့်ထိတွေ့နေသော နံရံ အပြင်ဘက်ခြမ်း၊ အဆောက်အဦ၏ဖောင်ဒေးရှင်းအပြင်ဘက်များ) တွင် ရေလုံဆေး သုတ်လိမ်းခြင်းကို ဆိုလိုပါသည်။


Negative side waterproofing ဆိုသည်မှာ အဆောက်အဦ နံရံ သို့မဟုတ် ဖောင်ဒေးရှင်း ၏ အတွင်းပိုင်း သို့မဟုတ် 'ခြောက်သွေ့နေမည့်'၊ ရေနှင့် တိုက်ရိုက်ထိတွေမှုမရှိသော အတွင်းဘက်ခြမ်းတွင် ရေလုံဆေး သုတ်လိမ်းခြင်းကို ဆိုလိုပါသည်။


အများဆုံးအားဖြင့် Positive Side Waterproofing သည် Negative side waterproofing ထက်ပို၍ထိရောက်မှုရှိပါသည်။ အကြာင်းအရင်းမှာ Positive Side Waterproofing သည် ရေစိမ့်ဝင်မှု ကို တိုက်ရိုက်ကြုံတွေ့နေရသည့် အဆောက်အဦ၏ အပြင်ဘက်မျက်နှာပြင်နံရံများတွင် ရေလုံဆေး သုတ်လိမ်းထားခြင်း ကြောင့်ဖြစ်ပါသည်။


Negative side waterproofing သည် ရေစိမ့်ဝင်နေသည့် အဓိက‌နေရာ ကို ကာကွယ်ပေးခြင်း မဟုတ်ဘဲ အဆောက်အဦ၏ အပြင်ဘက်မျက်နှာပြင် မှ အတွင်းသို့ စိမ့်ဝင်သွားသော ရေကိုသာ နေအိမ်အတွင်းဘက် သို့ ဝင်မလာရန် ထိန်းချုပ်ခြင်းဖြစ်ပါသည်။


Positive Side Waterproofing သည် အဆောက်အဦအတွင်းဘက်သို့ ရေစိမ့်ဝင်ခြင်းအား တားဆီးပေးကာအခြား အဆောက်အဦအားထိခိုက်စေမည့် နေရောင်ဒဏ် (UV Rays)၊ မြေဆီလွှာအတွင်းရှိ mild acid၊ aggressive agents နှင့် အပူချိန်ပြောင်းလဲမှုများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။


Negative side waterproofing သည် အဆောက်အဦ Structure အတွင်းဘက်သို့ ဝင်‌ရောက်ပြီးသောရေကို နေအိမ်အတွင်း သို့ မဝင်လာစေရန် ထိမ်းချုပ်ပေးနိုင်သော်လည်း ရေစိမ့်ဝင်မှုကြောင့် အဆောက်အဦ Structure ပျက်စီးခြင်းအား အကာအကွယ်မပေးနိုင်ပါ။

သို့ရာတွင် Positive Side Waterproofing လုပ်ဆောင်နိုင်ရန် ခက်ခဲသည့် အနေအထား (ဥပမာ - အထပ်မြင့် အဆောက်အဦ နံရံ အပြင်ဘက်အခြမ်း၊ မြေကြီးပြန်တူးရန်ခက်ခဲသောမြေအောက်ခန်း၏ အပြင်ဘက်မျက်နှာပြင်နံရံများ) တွင် Negative side waterproofing လုပ်ဆောင်နိုင်ပါသည်။


အဆောက်အဦ အခြေအနေ နှင့် အနေအထားပေါ် မူတည်၍ လုပ်ဆောင်သင့်သော waterproofing နည်းလမ်းနှင့် အသုံးပြုသင့် ရေလုံဆေးများအား Aung Pyitan မှ အကြံပြုနိုင်ပါသည်။


[IN ENGLISH]


In general, there are two basic approaches to waterproofing - Positive side waterproofing and negative side waterproofing.


Positive side waterproofing involves applying a waterproofing membrane or coating to the exterior surface of the building, such as the walls or foundation.

Negative-side waterproofing is the application of a coating material to the interior or the 'dry' side of a foundation or wall. Its primary function is to create a barrier coat to stop water from leaking through the wall and keeping the space dry.


Positive side waterproofing is considered to be better than negative side waterproofing because it addresses the source of the water intrusion, which is the exterior surface of the building, rather than trying to control water that has already penetrated the structure.

This helps to prevent water from penetrating the structure in the first place, and can also protect against other environmental factors such as aggressive agents, mild acid in soil and temperature changes.


On the other hand, negative side waterproofing involves installing a barrier on the interior side of the structure, such as in the basement wall.

While this approach can help manage water that has already entered the structure, it does not address the root cause of the problem and can be less effective in preventing water damage.


Negative-side waterproofing is normally done when there is an existing wall and there's no way to get access to the outside (positive-side wall) to waterproof it.


Contact Aung Pyitan to consult waterproofing techniques & chemicals suited for your needs.

68 views0 comments

Recent Posts

See All
bottom of page